Contact Us 95-2-22659
 
ရန်ကုန် ဧပြီ ၁၉

ငွေကျပ် ၁၅ဝဝ တန်ဖိုး သတ်မှတ်ထားသော CDMA-800 MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့်

ဧပြီ ၂၄ ရက်မှ စတင် ရောင်းချပေး မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

မကြာမီရက် အတွင်း စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz ဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA-800 MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာချက်တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။

MECTel တံဆိပ်ပါ DMA-800 MHz ဆင်းကတ်များ အသုံးပြုသော မိုဘိုင်းလ် တယ်လီဖုန်း များသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့် တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ MECTel အမှတ်တံဆိပ်ပါ CDMA-800 MHz မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် များကို ပြည် နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်း ဆိုင်ကြီးများနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

f




Leave a Reply.