Contact Us 95-2-22659
 


Yahoo က Mobile users များကို မိုဘိုင်းလက်ဆောင်အနေနဲ့ app နှစ်ခုကိုထုတ်ပေးလိုက်ပါပြီ ။ ဒီနှစ်ခုကတော့ Mail app နဲ့ Weather app တို့ပဲဖြစ်ပါတယ်။ Yahoo mail ကိုယခင်က Mobile Version အနေနဲ့သုံးလို့ရပေမယ့် ယခုအခါမှာတော့ ဖုန်း/Tablet နှစ်ခုစလုံးမှာ Yahoo Mail ရဲ့ features များကိုအပြည့်အ၀အသုံးပြုနိုင်မယ့် Application သစ်အဖြစ်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။



Weather application ကတော့ Flicker ရဲ့အရည်အသွေးမြင့် ပုံရိပ်တွေကိုအသုံးပြုထားတဲ့ ရာသီဥတုဆိုင်ရာ Mobile Appအနေနဲ့မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ Weather app မှာ Flicker နဲ့ပူးပေါင်းထားမှုကြောင့် နေရာဒေသ ၊ ရာသီဥတုအလိုက်ပြောင်းလဲတဲ့အခါမှာ Flicker မှာတင်ထားတဲ့ဓာတ်ပုံများထဲကအကောင်းဆုံး နေရာဒေသ ၊ ရာသီဥတုဆိုင်ရာပုံရိပ်များကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။



သို့သော Yahoo Weather ကို Android မှာတော့အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး ။ iOS အတွက် Yahoo Mail နဲ့ Yahoo Weather ကို iTunes Store မှာရယူနိုင်ပြီးဖြစ်ပြီး Android အတွက်ကတော့ Yahoo Mail application ကို Google Play မှာရယူနိုင်ပြီဖြစ်ပါတယ်။



Leave a Reply.